မိတ်ဆွေများအားလုံး အတွက် Site သစ်လေးတစ်ခုမိတ်ဆက်ပေး ပါမယ် ။ ကျွန်တော် အနေနဲ့က ဒူဘိုင်းမှာ ခေတ္တ အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် အချိန်တန်ရင် အိမ်ပြရမှာပါ။ စကားတွေနည်းနည်း များသွား လားမသိဘူး (မှတ်ချက်။ ကိုသံလုံငယ် ဆီကစကားခဏ ယူသုံးပါသည်။) ဒီလိုပါ ... ကျွန်တော်အနေနဲ့မြန်မာ နိုင်ငံပြန်သွားတဲ့အခါ ဘလော့ဆက်ရေးနိုင်တောမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဒီမှာရှိနေ တဲ့ အခိုက်အတန့် လေးမှာ ကျွန်တော် Share ချင်တဲ့ တရားတော်တွေနဲ့ ကျွန်တော့် အတွေးအမြင်တွေကို လူငယ်တွေ အလွယ်တကူ အလွယ်တကူ သိနိုင်အောင် ထားခဲ့ချင်ပါတယ် ။ ဒါကြောင့်ဒီ ဖရီး ရတဲ့ sites လေးကို လုပ်ခဲ့ပါတယ်။ Sites နံမည်ကိုလဲ အလင်းရောင် လိုပဲပေးထားပါတယ် ။
www.alinnyaung.com
ကောင်းသော အတွေးအမြင်နဲ့ ဗဟုသုတ တွေ ရနိုင်ကြပါစေ ။
မောင်ဇော်မင်းအောင်
www.alinnyaung.com
ကောင်းသော အတွေးအမြင်နဲ့ ဗဟုသုတ တွေ ရနိုင်ကြပါစေ ။
မောင်ဇော်မင်းအောင်
3 comments:
သာဓုခေါ်ပါတယ်---
အစစအရာရာအဆင်ပြေပါစေ---
ကိုဇော်မင်းအောင်ရေ
ဘုန်းဘုန်း ဦးဝိစိတ္တ ဘလော့မှာ သာသနာ့ဘောင် အပြီးဝင်သင့်မသင့် မေးထားတာလဲ ဖတ်ရပါတယ်။
ကျွန်တော်လဲ ရိပ်သာဝင် တရားအားထုတ်ပြီးတော့ သာသနာ့ဘောင် အပြီးဝင်ချင်တဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးပါတယ်။ ဒုလ္လဘဘဝကနေ ပြန်ကို မထွက်ချင်တော့တာပါ။ လူမထွက်ရပါစေကြောင်း ဆုတွေတောင်းပါတယ်၊ မပြည့်ပါဘူး။
ပြန်ထွက်ခဲ့ရတာကတော့ ကျွန်တော့်မှာ ပစ္စည်းလေးပါးနဲ့ လိုအပ်တာကို ထောက်ပံ့တာဝန်ယူမယ့်သူ မရှိတော့ သာသနာ့ဘောင်မှာ ရေရှည် ဆက်နေလို့ မရလို့ပါ။
ကိုဇော်မင်းအောင် ရဟန်းဝတ်ချင်တယ်ဆိုတာ သာဓုခေါ်ပါတယ်။ ဒီလိုလူမျိုးတွေ သာသနာမှာ များစွာလဲ လိုနေပါတယ်။
ဝတ်ဖို့ကတော့ ကျွန်တော့်လိုပဲ စဉ်းစားစေချင်ပါတယ်။
ရဟန်းဆိုတာ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတာ မဟုတ်တော့ နောက်က တာဝန်ယူ ထောက်ပံ့မယ့် မိသားစု ရှိရဲ့လား။ ကိုယ်တိုင်ကရော BA (Buddhism) ဖြစ်ဖြစ် ဓမ္မာစရိယဖြစ်ဖြစ် ပြန်တက်နိုင်မလား။ စာမကျက်နိုင်ရင် လူ့ဘဝက စာဘယ်လောက်တတ်လာလာ ရဟန်းစာ မတတ်ရင် သာသနာ့ဘောင်မှာ နေရတာ မလွယ်ကူပါဘူး။ ဆရာတော် ဦးဇောတိကတို့၊ ဆူနာမီဆရာတော် ဦးဥတ္တမသာရတို့၊ အရှင်အာဒိစ္စရံသီ (လူမည် ဦးဆန်းလွင်)တို့ ရဟန်းစာ ပြန်သင်စရာ မလိုဘဲ သာသနာပြုနိုင်တာက ကျော်ကြားမှု၊ အများသူငါ အသိအမှတ်ပြုမှု ရှိသွားတာက အဓိက ပါမယ်ထင်တယ်။
ဘေးလူအနေနဲ့ မဟုတ်ဘဲ ကိုယ်တိုင်လဲ သာသနာ့ဘောင်က ပြန်မထွက်ချင်ခဲ့သူ အနေနဲ့ စာနာတွေးကြည့်တာပါ။ သားသမီး ရှိပေမယ့် ဇနီးက တာဝန်ယူနိုင်တယ် ဆိုရင်တော့ ဒါ ကိစ္စ မရှိပါဘူး။ သာသနာ့ဘောင်ထဲ ဝင်ဖို့ ရေရှည် ထောက်ပံ့နိုင်တဲ့ ပစ္စည်းလေးပါး ဒကာဒကာမကအစ ပြည့်စုံပြီ၊ ကိုယ်တိုင်ရော သာသနာ့ဘောင်မှာ အပြီးတိုင်နေဖို့၊ ပရိယတ္တိ ပရိပတ္တိ အားထုတ်ဖို့ ခွန်အားစိုက်နိုင်မယ်ဆိုရင် ဝတ်သင့်ပါတယ်။
နို့မဟုတ်ရင် ဒုလ္လဘ ဝတ်တယ်လို့ပဲ ပတ်ဝန်းကျင်ကို အသိပေးပြီး လေးငါးခြောက်လ ၁၀ လ၊ တစ်နှစ်ဖြစ်စေ ဝတ်ပါ။ အဆင်ပြေသွားရင် တစ်သက်လုံး ဆက်ဝတ်နိုင်မယ်။ အဆင်မပြေလို့ ပြန်ထွက်လာရလို့လဲ ကဲ့ရဲ့တတ်တဲ့ သဘာဝတွေကို စိုးရိမ်စရာ မလိုတော့ဘူး။ စကတည်းက ဒုလ္လဘအဖြစ် သတ်မှတ်ကြေညာသွားတာကိုး။
လူ့ဘဝမှာ လူဆိုးလူကောင်း ရှိသလို သာသနာ့ဘောင်မှာလဲ ပုထုဇဉ်လောကဆိုတော့ ကောင်းသူဆိုးသူ ရှိကြပါတယ်။ သူတော်ကောင်းချည်း ပြည့်နေမယ်လို့ ယူဆမထားစေချင်ဘူး။ ဒါတွေကိုလဲ ကြိုတွက်ထားစေချင်ပါတယ်။
နေဖို့က တရားရိပ်သာမှာ နေမယ်ဆိုရင်လဲ လိုလိုမယ်မယ် တစ်ချိန်မှာ သီတင်းသုံးနိုင်ဖို့ ကျောင်းတစ်ကျောင်းတော့ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လောက်မှာဖြစ်ဖြစ် မြေလေးတကွက်နဲ့ တစ်ပါးစံ ကျောင်းငယ်လေးဖြစ်ဖြစ် အမေ ဆောက်လှူနိုင်အောင် ခုထဲက ကိုယ်က ရှာဖွေပေးခဲ့နိုင်ရင် ပိုကောင်းပါတယ်။
အစစ အဆင်ပြေအောင်မြင်ပါစေ.
Dear Ko ZMA,
I totally agree with Anonymous said.
We are fully support you by morally for your wish and may your dream come true.
with kind regards,
Post a Comment