Friday, August 7, 2009

ပြည်ပရောက် ညီမငယ်များ နှင့် အမများသို့

ပြောပြချင်ခဲ့တာကြာပါပြီ…။ အချိန် မရခဲ့တာလဲပါတယ် ၊ ပြောသင့် မပြောသင့် ချင့်ချိန် ရတာလဲ ပါတာပေါ့လေ။ ကျွန်တော်ရဲ့  အရေးအသားညံ့ဖြင်းမူ့ကြောင့် နားလည်မှူလွဲ မှာ ကို လဲ စိုးရိမ်မိခဲ့လို့ပါ။ မနေ့က သတင်းစာ ထဲပါလာတော့ ကျွန်တော် မပြောလဲ အားလုံး သိမယ့် ကိစ္စပဲ ၊ ကိုနဲ့လဲ မဆိုင်ပါဘူး လို့ တွေးလိုက်ချင်ပေမယ့် တညလုံးအလုပ်ထဲမှာ အတွေးက ဒီအဖြစ်အပျက် တွေဆီက မလွတ်ဘူးဗျာ…။ ကျွန်တော်မှာလဲ ညီမငယ်လေး ရှိပါတယ်။



Police remove the body of the Myanmarese woman in Al Nahda, Dubai. Her body was discovered at 10am on Sunday.
Randolph Barros/Gulf News
မူရင်းသတင်း

စာဖတ်သူ အမျိုးသမီး များကို တခုလောက်မေးချင်ပါတယ်။ အမျိုးသမီး တယောက် ရဲ့ တန်ဖိုး တနည်းအားဖြင့် {မြန်မာအမျိုးသမီးတို့ ရဲ့ အိနြေ္ဒ} ဆိုတာကို ဘယ်လိုနားလည်ထားကြပါသလဲ ခင်ဗျာ။ အဲ့ဒီမေးခွန်း နဲ့ ဖြေတဲ့အဖြေဟာ အမျိုးသမီး တိုင်းအတွက် အလွန်အရေးကြီးပါတယ်။ စာဖတ်သူ အနေနဲ့ ဘယ်လိုသိထားလဲ ဆိုတာကိုတော့ ကျွန်တော်မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော်သိထားတာကတော့ အိနြေ္ဒသိက္ခာ ရှိခြင်း၊ အရှက်အကြောက်ကြီးခြင်း၊ အနေအထိုင်သိမ်မွေ့ခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်ရှိခြင်း၊ မိမိကိုယ်ကိုယ်တန်ဖိုးထားခြင်း၊ မိဘမျိုးရိုးဂုဏ်သိက္ခာကို ဆောင့်ထိမ်းခြင်း၊ မိမိအိမ်ထောင် ဖက်အပေါ်သစ္စာရှိရခြင်း၊ အိမ်မူ့ကိစ္စနိုင်နင်း ရခြင်း၊ ဘာသာတရားကိုင်ရှိုင်းရခြင်း အစရှိ တဲ့အချက်တွေ ပါပဲ။
ကျွန်တော်အလုပ်လုပ်တဲ့ နေရာက ယူအေအီး နိုင်ငံ ဒူဘိုင်း မှာပါ။ အမျိုးမျိုး သော အကြောင်းများကြောင့် လူငယ်တွေအားလုံးဟာ မိဘဆွေမျိုးများနဲ့ ဝေးရာ ကိုလာပြီး အလုပ်လုပ်နေကြရတာပါ။ ယောကျာင်္း၊မိန်းမ အားလုံး ရဲ့ပထမ ရည်ရွယ်ချက်တွေကတော့ စွန်စား လိုတဲ့စိတ်တွေနဲ့ပေါ့။ ဒီရောက်တော့ လူငယ်သဘာဝလွတ်လပ်မူ့တွေ ကိုရတော့ ဦတည် ချက်တွေပြောင်းသွားကြတတ်ပါတယ်။ လွတ်လတ်မူကို အကြိုးရှိစွာ မသုံးတတ် ကြတော့ မဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပေါ့ ။
အခုလို ဇတ်လမ်းတွေကဒုနဲ့ဒေးပါ ။ ငယ်ငယ်တုန်းက ကြားသာကြားဘူးခဲ့ တာပါ ။ ယိုးဒယားရောက် မြန်မာအမျိုးသမီးတွေကိစ္စ တွေကလဲ အခုလိုစိတ်မကောင်းစရာ တွေပေါ့ ။ အဓမ္မကြင့်ခံရရုံတင်မက လူပါသတ်ခံရတဲ့ကိစ္စတွေ ပေါ့…။ မိန်းကလေးတို့ သဘာဝ လှ ချင်တာကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အနေအထိုင်မဆင်ခြင် မူ့က အန္တရာယ်ကို ဖိတ်ခေါ်နေမှန်း မသိခဲ့ကြဘူး။ ၀တ်စား ဆင်ရင်မူ ကိုတော့ဝေဖန်ခြင်ပါတယ် ။ အဓိက က တော့ အသစ်အဆန်း ၊မပေါ့် တပေါ်တွေဝတ်မှ ခေတ်မှီ တယ်ထင်တတ်ကြ တဲ့သူတွေကိုပါ ။ {ခေတ်မှီတယ်ဆိုတာ အ၀တ်အစားနဲ့ တင်မလုံလောက်ပါဘူး၊ ခေတ်နဲ့အညီ ဗဟုသုတရှိရပါတယ် ။ ခေတ်နဲ့အညီ ပေါ်လာနဲ့ နည်းပညာတွေကို အသုံးချတတ် မှ တွေးခေါ် တတ်မှ မြင်တတ်မှ ခေတ်မှီတယ်လို့ သတ်မှတ်ရပါတယ်}
ဒီမှာက အာရပ်လူမျိုး ၊ ပါကစ်စ္စတန်လူမျိုး ၊အိန္ဒိယလူမျိုး၊ ဘင်္ဂလားဒေ့ရှ် ၊ စတဲ့ ဘာသာခြား လူမျိုး တွေကြည့် ပါပဲ ။ သူတို့တတွေက ကိုယ့်မြန်မာပြည်မှာလို ဆန္ဒကိုသိက္ခာနဲ့ ထိမ်းကြတဲ့ လူစားမျိုး တွေမဟုတ်ဘူးဆိုတာကိုပါ ။ လိင်ကိစ္စ နဲ့ဆိုရင် ဆင်ခြင်တုံ့ တရားကင်းမဲ့ကြပါ တယ်။ ကိုရဲ့  ၀တ်စား ဆင်ရင်မူ့ လှုပ်ရှားသွာလာ မူ့တွေ က သူတို့ရဲ့ စိတ်ကို သွားကစားသလို ဖြစ်လာရင် ကိုယ့်ဆီကို နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်လာကြပါတယ် ။
အ၀တ်အစား တွေ ၊ ငွေကြေးတွေ ၊ ဆန်းပြားပစ္စည်းအသစ်အဆန်း တွေ နဲ့ စစည်းရုံးပါလိမ့်မယ်။ မိန်းကလေးများရဲ့  အားနည်းချက်တွေဖြစ်တဲ့ {ယုံလွယ်ခြင်း ၊ သနားတတ်ခြင်း၊ လှပလိုစိတ်ရှိခြင်း၊ ပြိုင်ဆိုင်လိုစိတ်ရှိခြင်း၊ တပါးသူကမိမိကိုစိတ်ဝင်စား ပြီဆိုရင် သာယာတတ်ခြင်း၊ စိတ်ကူယာဉ်စံလွန်းခြင်း} ဒါတွေကို သိထားတဲ့ မနုဿ မုဆိုးတွေ နဲ့တွေ့ ခဲ့ရင်တော့ မိန်ကလေးတွေ အတွက်လွတ်လမ်းမမြင်ပါဘူး။
ဆိုလိုတာက ပထမ ကျွန်တော်ပြောခဲ့သလို မိန်ကလေးတို့ရဲ့  တန်းဖိုးရှိတဲ့ အချက် တွေ နဲ့ အညီသာနေထိုင်ခဲ့မယ်ဆိုရင် ၊ မိမိတို့ရဲ့ အားနည်းချက်တွေကို အမြဲ ပြန်မြင်နေ မိ မယ်သာဆိုရင် ဒီလိုအန္တရာယ်တွေရန်က ဝေးပြီပေါ့ ။ လူသတ်ခံရတာထက် ဘ၀သတ် ခံရတဲ့ အဖြစ်မျိုးတွေလဲ အများကြီးရှိပါသေးတယ်။ စောစောကလို အနုနည်းနဲ့ကြုံခဲ့ ရင်တော့ ယုံကြည်လွယ်သူတွေအဖို့ လူမျိုး ဂုဏ်သိက္ခာ ၊ မိဘမောင်ဘွားတွေရဲ့  မျက်နှာ ၊ မိမိကိုးကွယ် သော ဘာသာတရား အမြင် နဲ့ ကိုယ်ပါတ်သတ် နေတဲ့သူရဲ့  ဘာသာတရားအမြင် ကွဲလွဲ မူတွေ ကြောင့် ဘ၀နှစ်ခု မပေါင်းစပ် နိုင်တာကို မစဉ်းစားပဲ ရူး မိုက် တတ်ကြပါတယ်။
အကြိုးဆက်ကတော့ … မိမိရုံကြည်မိသူက မယူဘဲပြစ်သွားတာမျိုး ၊ မိဘဆွေမျိုးတွေ ရဲ့ အလည်မှာ မျက်နှာပြဖို့ အခက်တွေ့ ခြင်း ၊ ရင်သွေးလွယ်ခဲ့မိရင် လဲ မြန်မာလူမျိုးတို့အလည်မှာ ဒီလူမျိုးခြားသွေးပါတဲ့ ကလေးကို မွေးဖို့ အခက်တွေ့ခြင်း ၊ လူအများရဲ့  သလျော်သောအကြည့်များ၏အောက်တွင် သိမ်ငယ်ရခြင်း စတဲ့ လူမူရေးပြသနာ တွေ အများကြီးနဲ့ ရင်ဆိုင်ရမှာပါ။
ဒါကြောင့်မိန်ကလေးဖြစ်ရတဲ့ ဘ၀မှာ အနေအထိုင် အများကြီး ဆင်ခြင်ရပါ တယ် ။ ဘ၀ပေး ကုသိုလ် ကံလဲဆိုးခဲ့မယ်ဆိုရင် လဲ အခုလို အန္တရာယ်နဲ့ကြုံတွေ့ ရတတ် ပါတယ် ။ မိန်ကလေးများအားလုံးပဲ {အိမ်ထောင်သယ် နှင့် အပျိုများအားလုံး} မိမိ တို့နေ ထိုင်မူ့ ကို ပြန်လည်ဆင်ခြင်ပြီး အခုလို အန္တရာယ်များ ကနေ ရှောင်ရှားနိုင်ကြပါစေလို့ မိဘ မောင်ဘွားတွေကိုယ်စား ဆန္ဒပြုပါတယ် ။
ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မြန်မာမိန်ကလေးတွေဆိုရင် တော့ ဟီရိသြောတပ တရား ကို သိပြီးလို့ ဒီအန္တရာယ်တွေ ကို အလိုအလျှောက် ရှောင်ကျဉ်ပြီးဖြစ်ကြမှာပါ။
နောက်နောင်ကို ဒါမျိုးတွေ ထပ်မဖြစ် လာအောင် သိပြီးသားသူတွေလဲ မမေ့သွားအောင် ၊ မသိသေးသူတွေလဲ အသိတရားရပြီးဆင်ခြင်နိုင်အောင်ဒီပို့လေးကို ရေးလိုက်ပါတယ်။


ပြည်ပရောက် မိန်ကလေးများအားလုံး အန္တရာယ်ကင်ကြပါစေ…

/မောင်ဇော်မင်းအောင်
ခေတ္တဒူဘိုင်း


2 comments:

မန်ယူ said...

မင်္ဂလာပါ..ကိုကြီးခင်ဗျား..ကျနော် မန်ယူပါ..အားပေးနေပါတယ်နော်..ဆက်လုပ်ပါ.. sheinwinzeyar@gmail.com ကိုအက်ပေးပါ

မန်ယူ said...

ကိုကြီးလားခင်ဗျာ...မင်္ဂလာပါ..ကိုကြီးဖြစ်မယ်လို့ထင်ပါတယ် ကိုကြီး ကျနော်ကိုသိလား.. ကျနော် မန်ယူ ပါခင်ဗျာ..အစဉ်လေးစားလျှက်ပါကိုကြီး sheinwinzeyar@gmail.com ပါခင်ဗျာ

ကျွန်တော် ၏ blog ကို လာရောက် ခဲ့သည့် အတွက် ကျေးဇူး အထူးတင် ရှိ့  ပါ သည်.../ မောင်ဇော်မင်းအောင် ( mr.zawminnaung@gmail.com)