ဘာမှမသိ ၊ဘာမှမတတ်ပေ မယ်လို့ ကျွန်တော် ရဲ့ ဘလော့ကို ရောက်လာကြတဲ့ သူတွေ အတွက် ကျွန်တော် အနေနဲ့ မေတ္တာ တုံ့ ပြန်ချင်တဲ့ စေတနာရှိ့ တာတော့အမှန်ပါ ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ ။ ကျွန်တော် ရဲ့ ဆန္ဒ အမှန်ကတော့ ဗုဒ္ဓဘာသာဆိုင် ရာ စာပေ နဲ့ တရားတော်များ ကို ဆန္ဒလေးရှိ့ ရုံ မျှဖြင့် အလွယ်တကူ နာကြားနိုင်ပြီး လေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်ပြီး ဒီဘလော့လေးကို စရေး ဖြစ်ခဲ့ တာပါ ။ ကျွန်တော် ဘလော့မှာ မှတ်သားစရာ မရှိ့ ခဲ့ ရင် လည်း တခြားသော ဗုဒ္ဓဘာသာဆိုင်ရာ web site များနှင့် blog များ ကို လွယ်ကူစွာသွားရောက် နိုင်ရန် link များ ပြန်ခွဲပေးထားပါတယ် ။ ကျွန်တော့် ဘလော့ကို ရောက်လာ သူတွေအားလုံးပဲ စိတ်ချမ်းသာ ကိုယ် ကျန်းမာနိုင်ကြပါစေ ခင်ဗျာ......
/မောင်ဇော်မင်းအောင်
Friday, September 12, 2008
ကြိုးစားနေစဲပါ...
ဝမ်းမြောက်စရာ သတင်းတစ်ခု ....

"ကမ္ဘာကျော်ဘော် လုံးသမားဒေးဗစ်ဘက်ခမ်း တို့ဇနီးမောင်နှံတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက် ပါပြီ " ဒီကနေ့ ဘလော့ကို ဖြည့်စည်းမွန်းမံ ရန်အတွက် ဗဟုသုတ အဖြင့်တခြားသော Blog များကို သွားရောက်လေ့လာရင်း က မမေမိုး ရဲ့  blog မှတဆင့် ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း ရဲ့ သတင်းကိုကြားသိရ ရချင်း ကြည်နူးစွာဖြစ်ခဲ့ ရသောခံစားမှူ့ ကို မိတ်ဆွေများ အားလုံး အတွက် ပြန်လည် မျှဝေ လိုက် ပါတယ်...
Wednesday, September 10, 2008
မေတ္တာရပ်ခံချက်....
မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ယနေ့မှစ၍ ကျွန်တော်၏ ဘလော့ မှ " ရုပ်ရှင်များကြည့်ရန် " အစီအစဉ်မှ မိတ်ဆွေတို့ အတွက် အမှန်တကယ် အကြိုးရှိ မည့် " နည်းပညာနှင့်ဗဟုသုတများ " အစီအစဉ်ကို အစားထိုး တင်ပြ သွားပါမယ် ခင်ဗျာ ။ လိုအပ်သော software နှင့် သိလိုသော အကြောင်း အရာများ ကို C Box မှ တဆင့် တောင်းဆို နိုင် ပါတယ်ခင်ဗျာ.....
မိတ်ဆွေတို့  ဘ၀ အတွက် အမှန်တ ကယ်အကြိုး ရှိပြီး အနှစ်သာရနှင့် ပြည်ဝ မည့် အရာများ ကို အတတ် နိုင် ဆုံး ကြိုးစား တင်ပြပေးသွားပါ မယ်ခင်ဗျာ...
/မောင်ဇော်မင်းအောင်
Sunday, September 7, 2008
မိတ်ဆက်
ယနေ့မှစ၍ ကျွန်တော်ရဲ့  blog ကို စတင် အသုံးပြုနိုင်ကြပါပြီ ခင်ဗျာ ။ လူကြီးမင်းတို့ ရဲ့  အားလပ် တဲ့ အချိန်လေးများကို အကြိုးရှိ စွာ နှင့် အသုံးပြု့ နိုင်ရန် ကျွန်တော်ရဲ့  ကိုစွမ်း ၊ ညဏ်စွမ်း ရှိ့  သမျှ ကုသိုလ်ဖြစ် ပေးဆပ် ပါမည်ဟု ဂတိပြုပါတယ် ခင်ဗျာ ။
" ကိလေသာ ၊ တဏှာ အညစ်အကြေးတွေနဲ့ ရှင်သန် ပြီး အ၀ိဇ္ဖာ (အမှောင်) ဓာတ်တွေ ဖုံးလွှမ်း နေတဲ့ ဒီသံသရာ ကမ္ဘာကြီး ကနေ အပြီးတိုင် လွန်မြောက် နိုင်အောင် လမ်းပြ ပေး နိုင်သော မြတ်စွာ ဘုရားရှင် ၏ တရားတော် များ" ကို နာယူရန် ဆန္ဒရှိ ပါလျှက် တရားတော် များ နှင့် မနီးစပ် ၍ တရားနာ ယူရန် အခက်အခဲ များကြုံတွေနေရသော ပုဂ္ဂိုလ်များအတွက် အထူးရည်ရွယ် ၍ ဒါပြု ခြင်း ဖြစ်ပါသည် ။ တရားတော် များကို ကျွန်တော်၏ Blog ၌တိုက်ရိုက် နာယူနိုင်ပြီး Download များလည်း လုပ်နိုင် ကြပါ ပြီခင်ဗျာ ။
ဗုဒ္ခဘာသာ နှင့် သက်ဆိုင်သည့် အခြားသော web site များနှင် Blog များကို လည်း ကျွန်တော် ၏ Blog မှနေ၍ အလွယ် တကူ သွားရောက် လေ့လာ ဖတ်ရှူ့ နိုင် ပါတယ်ခင်ဗျာ ။
ရတနာသုံးပါးအား ဦးထိပ်ပန်ဆင် လျှက်.....
မောင်ဇော်မင်းအောင်
