Sunday, October 5, 2008

လူငယ်များသို့....

"လူငယ်များသို့" လို့ ဆိုလိုက်ပေမယ့် ကျွန်တော့ကိုယ် တိုင်လဲလူငယ်တယောက် ဖြစ်ပါတယ် ။ ဒါပေမယ့် ဆရာတော် ရှင်ဆန္ဒာဓိကဟောကြားတော်မှူတဲ့ တရား အတိုင်း ဆို ရလျှင်တော့ " လူက ငယ် ပေမယ့် စိတ်ဓာတ်က ကြီးရင့်ရမယ" ဆိုတဲ့ အတိုင်း ကျွန်တော်တို့လူငယ်တွေ ရဲ့  ယနေ့ တွေးခေါ်ယူဆနေတဲ့ အတွေး အခေါ် တွေထဲ က မှားယွင်းနေတဲ့ အတွေးအခေါ် အယူအဆတချို့ကို ပြုပြင်ကြဖို့ လိုအပ်နေပါတယ် ။


ရှေးလူကြီးများ အဆိုရှိခဲ့တဲ့ " ပထမအရွယ် ပညာရှာ ၊ ဒုတိယအရွယ် ဥစ္စာရှာ ၊ တတိယ အရွယ် ကြင်ရာရှာ ၊ စတ္တုထအရွယ် တရားရှာ " ဆိုသော စကား ကို လက်ကိုင်ထား ပြီး ယနေ့ လူငယ်တော်များများ ဟာ "ငယ်တုန်း မှာကြိုက်ရာကို လုပ် အသက်ကြီးကာမှ တရားရှာပြီး အာပါတ် ဖြေတာပေါ့ " ဟု လွယ်လွယ်ဖြေ လွယ်လွယ် တွေးကာ ယခု လို ငယ်ရွယ် တုန်း ချိန်ကို အလဟသ အချိန်းဖြုန်းနေ ကြတာ ကို စာရှူ့ သူ ကိုယ်တိုင်တွေ မြင်နေ ရတာ အမှန် မဟုတ်ပါလား ။
ဆိုလိုသည်မှာ လူငယ်တိုင်း ရိပ်သာ ၀င်ရန် ၊ သာသနဘောင်သို့ ၀င်ရန် ၊တောထွက်ရန် ဟူ၍ ပြော ဆိုတိုက်တွန်း ခြင်း မဟုတ်ပါခင် ဗျာ ။ ယခုကဲ့သို့ ငယ်ရွယ် သော အချိန်၌ ပင် {ယနေ့ အထိ} လူငယ်များ သည် မိမိ တို့ ကိုးကွယ် နေသော ဗုဒ္ဓဘာသာ ဆိုသည့် အဓိပ္ပါယ် ကိုပင် မသိကြသော လူငယ် များ အား ရည်ရွယ်၍ ပြော ခြင်း ဖြစ်ပါသည် ။ ငယ်ရွယ်၍ ဥာဏ်ထက် မြတ်သော အချိန်တွင်း ၌ မသိရှိ နိုင်သေးလျှင် အသက်များကြီး ရင့်လာသော အခါ ငယ်ရွယ်စဉ် သတိ မရှိခဲ့ ခြင်းကြောင့် အ၀ိဇ္ဇာ တွေ အထပ်ထပ် ဖုံးလွှမ်းကာ မြတ်စွာဘုရား ရှင် ၏ တရားထူး တရားမြတ်များ ၏ အနှစ်သာရကို ရရှိ နိုင် ဖို့ ဆိုသည် မှာ နောင် ဘ၀၌ တောင် မသေချာနိုင်တော့ ပါ ။ ထိုအခါ ဘ၀ပေါင်း များစွာ သံသရာလည်ပေ ဦးတော့ တခါ....
ရခဲ လှသော လူ့ဘ၀ ကိုရရှိ ၍ လောက တွင် လူလဲဖြစ်ခဲ့ ကြ ပါပြီ ၊ မြတ်ဗုဒ္ဓ ၏ သာသနာ နှင့် လဲ ကြုံတွေ့ နေရပါသည် ၊ ကံကောင်းထောက်မ စွာဖြင့် ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါး ၏ ပဲ့ ပြင်ဆုံးမမှူ လဲ ရရှိ ခဲ့ပါသည် ၊ မိမိ ကိုယ် တိုင်လဲ ဗုဒ္ဓဘာသာ စာပေများ ကို လေ့လာဖတ်ရှူ့  နိုင်ပါလျှက် နှင့် မလေ့လာ မမှတ်သား ထားပဲ လစ်လျှူ ရှူ့  ကာ မေ့မေ့ လျော့လျော့  နေကြမည် ဆို လျှင် " လူ " ဖြစ်ခွင့်ရသော သင်၏ ဘ၀ ကို အင်မတန်မှ အားနာ စရာကောင်းလှပေသည် ။
လူငယ်များအနေ ဖြင့် အထူးသိ ထားသင့် သည်မှာ -
(၁) မိမိကိုးကွယ် နေသော ဗုဒ္ဓ ဘာသာ ဆိုသည်မှာ အဘယ်နည်း ၊
(၂) ရတနာသုံးပါးဆိုသည်မှာအဘယ်နည်း ၊
(၃) ၅ပါးသော သီလဆိုသည်မှာ အဘယ်နည်း ၊
စသည့် အချက်သုံးချက်၏ အနက်အဓိပ္ပါယ် ကို သိ၍ လိုက်နာကြင့်သုံးကြ မည်ဆိုပါလျှင် သင်သည် လူ့လောက ၌ လူဖြစ် မရှူံးတော့ ပါ ။ ထို့ (၃) ချက်ထက်ပို ပြီးသိလို ၍ လေ့လာမှတ်သားခဲ့ပါ က လည်း လူ့ဘ၀တွင် လူဖြစ်ခဲ့ သည့်အတွက် အကျိုးမြတ် မနဲလှကြောင်း သိရှိ နိုင်ပေမည် ။
လူငယ် ဆိုပေမယ့် လည်း လူးကြီးများထက် အရင် ကံကုန် ၍ အရင်သေ ဆုံးနိုင်ကြပါသည် ။ ထိုအခါ တတိယ အရွယ် ၊ စတ္တုထ အရွယ် များ ကိုပင် မရောက်ရှိ လိုက် ကြရပဲ တရားမရှိ အ၀ိဇ္ဇာ အတိ နှင့် လူ့ဘ၀ကို လွယ်လွယ် ကုန်ဆုံး ကြပေမည် ။ အကျိုး ကား သံသယာဝဋ္ဋ် ဆင်းရဲ့  တွင်း ၌ ပြန်၍ တဖန် လည်၍ ကူးခတ်ကြ ရပေ အုံးတော့ မည် ။
နောင် ဘ၀သည် ယခုဘ၀ အချိန်ထက် ကောင်းနိုင် ပါမည် ဟု အာမခံသူများ ရှိခဲ့ ပါလျှင်....
ဆက်၍ မိုက်ကြပေ အုံးတော့ လေ - အို မိတ်ဆွေ အပေါင်းတို့ရေ .....

/မောင်ဇော်မင်းအောင် {မိမိ ကိုယ်ကိုယ် နှင့် မိမိပါတ်ဝန်း ကျင်ကို ကြည့် ၍ ဝေဖန်သုံးသပ်ပါသည်}

No comments:

ကျွန်တော် ၏ blog ကို လာရောက် ခဲ့သည့် အတွက် ကျေးဇူး အထူးတင် ရှိ့  ပါ သည်.../ မောင်ဇော်မင်းအောင် ( mr.zawminnaung@gmail.com)