Sunday, October 12, 2008

မေးပါရစေ... မိတ်ဆွေ ???

ကိုယ့် ကို ကိုယ် ပြန်လည် ဝေဖန်သုံးသပ် ရင်းက အသိဥာဏ် ထဲ မှာမေးခွန်းလေး တခု ဖြစ်ပေါ်လာပါတယ် ...
ကိုယ့် ကိုယ် မေးရင်းပေါ့လေ.... ဘယ်သူကမှမမေး ပေမယ် လို့ လူတိုင်းရဲ့  ရင်ထဲမှာ ဒီစကားလေး ကို ရေရွတ်ရင်း ကိုယ့် ကိုယ် ကိုပြန်ဖြေကြည့် ကြဖို့ အသိပေး လိုတဲ့ စေတနာ ဖြစ်ပေါ်လာလို့ပါ ...


" ခြင်၊ ယင် အစရှိသည့် ပိုးကောင် ငယ်တို့ သည် အညှီ အဟောက် တို့၌ မွှေလျှော်၍ သုံးဆောင်မှီဝဲ ကြကုန်၏ "

" အ၀ိဇ္ဇာ ဖုံးလွှမ်း နေသော လူပုဂ္ဂိုလ် တို့သည် မကောင်းသော ကိလေသာ တဏှာ တို့ဖြင့် မေ့လျှော့ စွာပျော်ပါး နေကြကုန်၏ "

" ပျား ၊ ပိတုန်းတို့ သည် မွှေးကြိုင်သန့်ရှင်းသော ရနံရှိ သည့် ပန်းပေါင်းစုံ တို့ဖြင့် မှီဝဲ ၍အသက်ဆက် ကြကုန် ၏ "

" အရိယာသူတော်စင် နှင် သူတော်ကောင်း အပေါင်း တို့ သည် မြတ်စွာဘုရားရှင်ဟောကြားတော် မှူသော တရားတော်များနှင့် အညီ သူတော်ကောင်းတရားများ ကြင့်ကြံ အားထုတ်၍ နေကြလေ ၏ "

မိမိ သည် မည်သို့ သောအကြင့်နှင့် နေ၍ အသက်ဆက် နေသည်ကို သတိပြုဖို့ လိုပါတယ် ။
မည်သူကမျှ ဤမေးခွန်း ကိုမမေးတတ်ကြ{မေးလေ့မေးထ မရှိ} သော်လည်း မိတ်ဆွေတို့ ၏ အကျိုးရှေး ရှူ့  ၍ စေတနာ ဖြင့် မေးခွန်းလေးမေးလိုက်ပါရစေ... မိတ်ဆွေ !!!

* သင်သည် မည် သို့သော အကြင့် စရိုက်မျိုးဖြင့် အသက်ဆက် နေပါသနည်း ?


* ယခု အချိန်မှ အစပြု၍ သေသည် အထိ မည်သို့သော အကြင့်ဖြင့် အသက်ဆက်ရန် စိတ်ကူး မိပါ သလဲ ?


မိမိ ကိုယ် မိမိအကောင်းဆုံးသော အဖြေ ဖြေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ....

/မောင်ဇော်မင်းအောင်

No comments:

ကျွန်တော် ၏ blog ကို လာရောက် ခဲ့သည့် အတွက် ကျေးဇူး အထူးတင် ရှိ့  ပါ သည်.../ မောင်ဇော်မင်းအောင် ( mr.zawminnaung@gmail.com)