Monday, December 22, 2008

မွေးရပ်မြေ နဲ့ နိုင်ငံရပ်ခြား ... ???

လူရယ်လို့ ဖြစ်လာ ရင် အသက်ရှင်နေထိုင် နိုင်ဖို့ အတွက် စီးပွားဥစ္စာ တွေ ရှာဖွေကြရ ပါပြီ ...။ {သြော် ...လူ ဖြစ်ရတဲ့ ဒုက္ခ} ရေကြည်ရာ မြက်နု ဆိုသလို နေရာဒေသအလိုက် ပြောင်းရွှေ့ ရှာဖွေကြရပြန်ပါတယ် ။ အိုးမကွာ အိမ်မကွာ အလုပ်လုပ် ၍ မိသားစု အတွက် လုံလောက်အောင်ရှာဖွေနိုင်သူ တွေရှိကြပေ မယ့် ပြည်တွင်းမှာ မိသားစု အတွက် လုံလောက် တဲ့ ၀င်ငွေမရရှိတဲ့သူတွေ အဖို့တော့ နိုင်ငံရပ်ခြား ကိုသွားရောက် လုပ်ကိုင်ကြ ရပါတယ် ။ အတိတ် ကပြုခဲ့တဲ့ ကံ တွေကြောင့် မိသားစုနဲ့ ဝေးကွာတဲ့ အရပ်မှာ နေထိုင်ရတာကို ပဲ ပျော်နေကြတဲ့ သူတွေ လဲ ရှိပါသေးတယ် ။လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာလဲ လူငယ်တွေရဲ့ အတွေးစိတ် ထဲမှာ နိုင်ငံခြားသွား ပြီးအလုပ်လုပ်ရ တာကို ကံ ကောင်းတယ်ပဲ မှတ်ယူနေကြပါတယ် ။


မြန်မာနိုင်ငံ ပြန်ရောက်တဲ့ အခါမှာ တွေခဲ့ ရတဲ့ မြင်ကွင်းတွေ ကတော့ အံသြ မကုန်အောင် ပါပဲ ။ အခုဆိုရင် လူငယ်တွေ ကို တွေ့ချင်ရင် {မိန်းကလေး ၊ ယောကျာင်္းလေး} Passport ရုံးမှာသွားကြည့်ရပါတယ် ။ လူကြီး ပိုင်းတွေ တွေ့ချင်ရင်တော့ အနီးအနားမှာရှိတဲ့ Internet cafe တွေမှာ ၀င်ကြည့်လိုက်ပါ ။ " ပို့လိုက်ပြီလား....?
မရောက်းသေးဘူး ... !! ပြန်မလာနဲ့အုံး....!!! နောက်လတော့ ပို့လိုက်နော်......" အဲ့ ဒီလို အသံလေး တွေနဲ့ အတူ လူကြီးတွေကိုတွေ့ကြရပါ လိမ့်မယ် ။ သြော်ကျန်ခဲ့လို့ " ကြားလား...? ဘာမှမကြားရဘူး ...!!! ကျယ်ကျယ်ပြော ...! " အဲ့ဒီ လို connection မကောင်း လို့ စိတ်မရှည်တဲ့ ဒေါသ သံလေးနဲ့ ပင်ပင်ပန်းပန်း အော်ပြောနေရ ရှာတဲ့ အဒေါ်ကြီးတွေလဲ တွေ့ခဲ့ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော် အဓိကပြော ချင်တာကတော့ နိုင်ငံရပ်ခြားမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး မိမိတို့ ရောက်ရှိ နေသော အရပ်ဒေသသည် ဗုဒ္ဒ္ဓဘာသာ မထွန်းကားသော တနည်းအားဖြင့်ပြောရ လျှင် ရပ်ပစ် ၈ ပါး ထဲ ၌ ပါဝင်နေသည်ကို သတိပြုမိစေချင်တယ် ။ ထိုသို့ မိဝေး ဖဝေး နေရထိုင်ရ ၍ လွတ်လပ်မှူ့ ကို ကြေနပ်ပျော်ပါး နေဖို့ မသင့်တော်ပါဘူး ။ ဘာသာခြားတို့ရဲ့ အလည်မှာ မိမိတို့ဘာသာကို မိမိတို့က တန်ဖို့ထားပါမှ သူတပါးက Respect ပြန်ပေးမှာပါ ။ မိမိတို့ ကသောက်စား မူးယစ်နေမှတော့ ဘာသာခြားတို့က ကဲ့ရဲ့ တာ ကို ခေါင်းငုံ့ခံ ရတော့ မှာပါ ။မိမိရဲ့ ကာယကံ လွန်ကြူးမှူတွေကြောင့် တိုင်းတပါးသား ဘာသာခြားများက ဗုဒ္ဓဘာသာ ၀င်အားလုံး ကို အထင်သေးကြမှာမလွဲပါဘူး ။ ယခု ကျွန်တော်လက်ရှိ ရောက်နေ တဲ့နိုင်ငံဟာ မွတ်ဆလင်နိုင်ငံ ဖြစ်ပါတယ် ။ ဒီမှာရှိကြတဲ့ မွတ်ဆလင် ဘာသာဝင်အားလုံး ဟာသူတို့ ရဲ့  ဘာသာကို တော်လေး တန်ဖိုးထား ကြ တာ ကိုတွေရ ပါတယ် ။ တနေ့ ၅ ကြိမ်မပျက် မှန်မှန် ၀တ်တတ်ကြ တာကို ကသူတို့တွေရဲ့ ဘာသာ ကို သူတို့ဘယ်လောက်တန်ဖိုး ထားတယ် ဆို ပြီး ဂုဏ်ယူပြကြပါတယ် ။ ကျွန်တော်တို့တွေ အနေနဲ့ က အရက်သေစာတွေသောက် စားပြီး အပျော်အပါးတွေ နဲ့ ပျော်ပါးပြီး ကံ ၅ ပါးကို မစောင့်ထိန်းကြဘူးဆို ရင် ကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓဘာ သာအထွန်းကားဆုံးနိုင်ငံ က လာတဲ့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေအားလုံး ရဲ့  အကျင့် သိက္ခာကို ကဲ့ ရဲ့ ရှုံ ချကြမှာအမှန်ပါပဲ ။ လူမျိုး ကို သရော် တာထက် မိမိတို့ ကိုးကွယ်နေသော ဗုဒ္ဓဘာသာ ကို အထင်သေးစော်ကား ခံရတာမျိုး မဖြစ်စေချင်ပါဘူး ။ ဒါကြောင့် မိမိတို့ ရဲ့  ကာယကံ ၊၀ဇီကံ ၊ မနောကံ တွေ မမှား ကြဖို့ နဲ့ မိမိတို့ ကိုးကွယ် သော ဗုဒ္ဓဘာသာ ၏ အနှစ်သာရ ကိုမေးလာခဲ့ သည်ရှိသော် တိတိကြကြ မှန်မှန် ကန်ကန် ပြန်လည်ပြော ပြ နိုင်ဖို့ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိပါတယ် ။ အနည်းဆုံးတော့
ရတနာသုံးပါး နဲ့ ကံ၅ ပါးရဲ့  အကြိုးအပြစ် ကို သိအောင်ကြိုးစားထားကြ ပါ ။ ပြည်ပရောက် လူငယ်တွေအနနဲ့ လဲ ဗုဒ္ဓဘာသာအကြောင်း သိချင်ရင် ယခုလို အင်တာနက် အသုံးပြုချိန် မှာ ဘာသာတရားနဲ့ ပါတ်သတ်တဲ့ Blog တွေ ဖတ်ကြဖို့ ကျွန်တော် အနေနဲ့ အကြံပြုတိုက်တွန်းပါတယ် ။ ကျွန်တော်ရေးတာ ကတော့သိပ်မစုံပါဘူး ။ကျွန်တော် ထက် ပို သိတတ် နားလည်တဲ့ ဆရာတော်တွေ ၊ အကိုတွေ ရေးကြတဲ့ site links တွေကို ကျွန်တော် Blog မှာ ချိတ်ပေးထားပါတယ် ။ သွားရောက် လေ့လာကြဖို့တိုက်တွန်းပါတယ် ။
မြန်မာပြည်မှာရှိကြတဲ့ ညီငယ် ၊ ညီမငယ် တွေနဲ့မိတ်ဆွေတွေ အားလုံးလဲ ပြည်တွင်းမှာရှိနေခိုက် ကာလ မှာ လက်တကန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ စာပေတွေ နဲ့ ဆရာတော်တွေဟောကြားကြတဲ့ တရားတွေ ကို နာယူမှတ်သားကြဖို့ လေးလေးနက်နက် အကြံပြု့  ပါတယ် ။ ပြည်ပရောက်နေကြတဲ့ကျွန်တော် တို့ တွေ ဆိုရင် Blogger တွေ အချင်းချင်း Share ကြ တဲ့ တရားတွေလောက်ပဲ နာယူခွင့်ရတာပါ ။ ပြည်တွင်းမှာ လောက် စိတ်ဝင်စား ရင်စိတ်ဝင်စား သလောက်လေ့လာမှတ်သားခွင့်မရပါဘူး ။ ဒါကြောင့် ပြည်ပမထွက်ရလို့ စိတ်မကောင်း မဖြစ်ကြပါနဲ့ ။ မိမိ တို့လက်ရှိ ရထားတဲ့ အချိန်ဟာ အချိန်ကောင်း လို့ မှတ်ယူကြပါ ။ မိသားစုနဲ့ မခွဲခွာကြရ ဘဲအတူနေရတာလဲ အရင် ဘ၀ကပြုခဲ့တဲ့ ကောင်းမှူ့ ကံစေတနာကြောင် ပါ ။ ပြည်ပထွက်တိုင်းလဲ အဆင်မပြေကြပါဘူး ။ ကျွန်တော်ဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက် ထွက်ခွာလာခြင်းပါ ။ ပထမအကြိမ် မလေးရှားကို ထွက် တုံးကလဲအဆင်မပြေခဲ့ပါဘူး ။အရင်းကြေအောင်မနည်းလုံး ပမ်း ရင်း ၁နှစ်နဲ့လှည့်ပြန်ခဲ့ ရတာပါ ။ ယခု ဒူဘိုင်းရောက်တာ ၂ နှစ်ရှိပါပြီ ။ အကြွေးတွေနဲ့ အခုထိ လည်နေတုံးပါ ။ရှာရဖွေရ ခက်ခဲတာလဲ မပြောပါနဲ့ ။ ပြောရင် တခန်းတည်း နေတဲ့ သူငယ်ချင်းတောင် မယုံချင်ပါဘူး ။ အခုချိန်မှာ ကောင်းသော ကံ တွေပြုနေပေမဲ့ ဒါဟာအရင် ဘ၀က ပြုခဲ့တဲ့ (လွန်ကြူးခဲ့တဲ့ ) ကံတွေကြောင့် အခုဘ၀မှာ ဒီလိုကြုံတွေ့ နေရတာပဲ လို့သိနားလည်ခွင့်ရ ခဲ့ပါတယ် ။ ဒါတွေဟာ ဘုရား ၊တရား ၊သံဃာ ရဲ့ ဂုဏ်ကျေးဇူးကြောင့်ပါပဲ ။ ဒီအချက်တွေ မသိခင်ကတော့တော်တော့ ကို ပူလောင်ပြီး ပင်ပန်းဆင်း ရဲရပါတယ်။ သိနားလည် ပြီးတဲ့အချိန်ကြတော့လဲ့ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ဟာ တရားတော်တွေ နဲ့နီးစပ်ဖို့ အကြောင်းရင်းတွေ ဖြစ်းမှန်းသိလာရပါတယ် ။ ဒါကြောင့် အားလုံးသောမိတ်ဆွေများယနေ့မှ စလို့ မိမိတို့ဘယ်အရပ် ဘယ်ဒေသမှာနေနေ မိမိတို့ ကိုးကွယ် အားထားရာ ဗုဒ္ဓဘာသာကို ဂရုတစိုက် လေ့လာ၊ ကြင့်ကြံ ၊ ကြိုးစား ၊ ပွားများ အားထုတ် ကြ ဖို့ ကျွန်တော် ဒီ post လေးနဲ့ နှိုးဆော် တိုက်တွန်းလိုက်ရပါတယ် ။

အားလုံးပဲ စစ်မှန်သော ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူ များဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပိုသလိုက်ပါတယ်...

/မောင်ဇော်မင်းအောင်

1 comment:

Unknown said...

ဘ၀တူတွေပါပဲ... နိုင်ငံခြားကိုမဖြစ်မနေမို့လို့ရောက်လာခဲ့ရပြီး
ဘယ်တော့ပြန်ရမလဲဆိုတဲ့နေ့ကိုစောင့်နေရတယ်
ပိုက်ဆံတခုတည်းအတွက်နဲ့ကြုံနေရတဲ့ဆင်းရဲတွေဟာတန်ကောတန်ရဲ့လားဆိုတဲ့သံသယတွေနဲ့အမြဲလုံးထွေးနေတယ်
ဝဋ်ကုန်မဲ့နေကိုအမြန်ရောက်ချင်လှပါပြီ...
ရတနာ၃ပါးဆိုတဲ့ကိုးကွယ်ရာသာမရှိရင်
ခုချိန်ဆိုရူးနေလောက်ပြီ..

ကျွန်တော် ၏ blog ကို လာရောက် ခဲ့သည့် အတွက် ကျေးဇူး အထူးတင် ရှိ့  ပါ သည်.../ မောင်ဇော်မင်းအောင် ( mr.zawminnaung@gmail.com)