www.alinnyaung.com
ကောင်းသော အတွေးအမြင်နဲ့ ဗဟုသုတ တွေ ရနိုင်ကြပါစေ ။
မောင်ဇော်မင်းအောင်
လူရယ်လို့ ဖြစ်လာ ရင် အသက်ရှင်နေထိုင် နိုင်ဖို့ အတွက် စီးပွားဥစ္စာ တွေ ရှာဖွေကြရ ပါပြီ ...။ {သြော် ...လူ ဖြစ်ရတဲ့ ဒုက္ခ} ရေကြည်ရာ မြက်နု ဆိုသလို နေရာဒေသအလိုက် ပြောင်းရွှေ့ ရှာဖွေကြရပြန်ပါတယ် ။ အိုးမကွာ အိမ်မကွာ အလုပ်လုပ် ၍ မိသားစု အတွက် လုံလောက်အောင်ရှာဖွေနိုင်သူ တွေရှိကြပေ မယ့် ပြည်တွင်းမှာ မိသားစု အတွက် လုံလောက် တဲ့ ၀င်ငွေမရရှိတဲ့သူတွေ အဖို့တော့ နိုင်ငံရပ်ခြား ကိုသွားရောက် လုပ်ကိုင်ကြ ရပါတယ် ။ အတိတ် ကပြုခဲ့တဲ့ ကံ တွေကြောင့် မိသားစုနဲ့ ဝေးကွာတဲ့ အရပ်မှာ နေထိုင်ရတာကို ပဲ ပျော်နေကြတဲ့ သူတွေ လဲ ရှိပါသေးတယ် ။လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာလဲ လူငယ်တွေရဲ့ အတွေးစိတ် ထဲမှာ နိုင်ငံခြားသွား ပြီးအလုပ်လုပ်ရ တာကို ကံ ကောင်းတယ်ပဲ မှတ်ယူနေကြပါတယ် ။
မြန်မာနိုင်ငံ ပြန်ရောက်တဲ့ အခါမှာ တွေခဲ့ ရတဲ့ မြင်ကွင်းတွေ ကတော့ အံသြ မကုန်အောင် ပါပဲ ။ အခုဆိုရင် လူငယ်တွေ ကို တွေ့ချင်ရင် {မိန်းကလေး ၊ ယောကျာင်္းလေး} Passport ရုံးမှာသွားကြည့်ရပါတယ် ။ လူကြီး ပိုင်းတွေ တွေ့ချင်ရင်တော့ အနီးအနားမှာရှိတဲ့ Internet cafe တွေမှာ ၀င်ကြည့်လိုက်ပါ ။ " ပို့လိုက်ပြီလား....?
မရောက်းသေးဘူး ... !! ပြန်မလာနဲ့အုံး....!!! နောက်လတော့ ပို့လိုက်နော်......" အဲ့ ဒီလို အသံလေး တွေနဲ့ အတူ လူကြီးတွေကိုတွေ့ကြရပါ လိမ့်မယ် ။ သြော်ကျန်ခဲ့လို့ " ကြားလား...? ဘာမှမကြားရဘူး ...!!! ကျယ်ကျယ်ပြော ...! " အဲ့ဒီ လို connection မကောင်း လို့ စိတ်မရှည်တဲ့ ဒေါသ သံလေးနဲ့ ပင်ပင်ပန်းပန်း အော်ပြောနေရ ရှာတဲ့ အဒေါ်ကြီးတွေလဲ တွေ့ခဲ့ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော် အဓိကပြော ချင်တာကတော့ နိုင်ငံရပ်ခြားမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး မိမိတို့ ရောက်ရှိ နေသော အရပ်ဒေသသည် ဗုဒ္ဒ္ဓဘာသာ မထွန်းကားသော တနည်းအားဖြင့်ပြောရ လျှင် ရပ်ပစ် ၈ ပါး ထဲ ၌ ပါဝင်နေသည်ကို သတိပြုမိစေချင်တယ် ။ ထိုသို့ မိဝေး ဖဝေး နေရထိုင်ရ ၍ လွတ်လပ်မှူ့ ကို ကြေနပ်ပျော်ပါး နေဖို့ မသင့်တော်ပါဘူး ။ ဘာသာခြားတို့ရဲ့ အလည်မှာ မိမိတို့ဘာသာကို မိမိတို့က တန်ဖို့ထားပါမှ သူတပါးက Respect ပြန်ပေးမှာပါ ။ မိမိတို့ ကသောက်စား မူးယစ်နေမှတော့ ဘာသာခြားတို့က ကဲ့ရဲ့ တာ ကို ခေါင်းငုံ့ခံ ရတော့ မှာပါ ။မိမိရဲ့ ကာယကံ လွန်ကြူးမှူတွေကြောင့် တိုင်းတပါးသား ဘာသာခြားများက ဗုဒ္ဓဘာသာ ၀င်အားလုံး ကို အထင်သေးကြမှာမလွဲပါဘူး ။ ယခု ကျွန်တော်လက်ရှိ ရောက်နေ တဲ့နိုင်ငံဟာ မွတ်ဆလင်နိုင်ငံ ဖြစ်ပါတယ် ။ ဒီမှာရှိကြတဲ့ မွတ်ဆလင် ဘာသာဝင်အားလုံး ဟာသူတို့ ရဲ့  ဘာသာကို တော်လေး တန်ဖိုးထား ကြ တာ ကိုတွေရ ပါတယ် ။ တနေ့ ၅ ကြိမ်မပျက် မှန်မှန် ၀တ်တတ်ကြ တာကို ကသူတို့တွေရဲ့ ဘာသာ ကို သူတို့ဘယ်လောက်တန်ဖိုး ထားတယ် ဆို ပြီး ဂုဏ်ယူပြကြပါတယ် ။ ကျွန်တော်တို့တွေ အနေနဲ့ က အရက်သေစာတွေသောက် စားပြီး အပျော်အပါးတွေ နဲ့ ပျော်ပါးပြီး ကံ ၅ ပါးကို မစောင့်ထိန်းကြဘူးဆို ရင် ကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓဘာ သာအထွန်းကားဆုံးနိုင်ငံ က လာတဲ့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေအားလုံး ရဲ့  အကျင့် သိက္ခာကို ကဲ့ ရဲ့ ရှုံ ချကြမှာအမှန်ပါပဲ ။ လူမျိုး ကို သရော် တာထက် မိမိတို့ ကိုးကွယ်နေသော ဗုဒ္ဓဘာသာ ကို အထင်သေးစော်ကား ခံရတာမျိုး မဖြစ်စေချင်ပါဘူး ။ ဒါကြောင့် မိမိတို့ ရဲ့  ကာယကံ ၊၀ဇီကံ ၊ မနောကံ တွေ မမှား ကြဖို့ နဲ့ မိမိတို့ ကိုးကွယ် သော ဗုဒ္ဓဘာသာ ၏ အနှစ်သာရ ကိုမေးလာခဲ့ သည်ရှိသော် တိတိကြကြ မှန်မှန် ကန်ကန် ပြန်လည်ပြော ပြ နိုင်ဖို့ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိပါတယ် ။ အနည်းဆုံးတော့
ရတနာသုံးပါး နဲ့ ကံ၅ ပါးရဲ့  အကြိုးအပြစ် ကို သိအောင်ကြိုးစားထားကြ ပါ ။ ပြည်ပရောက် လူငယ်တွေအနနဲ့ လဲ ဗုဒ္ဓဘာသာအကြောင်း သိချင်ရင် ယခုလို အင်တာနက် အသုံးပြုချိန် မှာ ဘာသာတရားနဲ့ ပါတ်သတ်တဲ့ Blog တွေ ဖတ်ကြဖို့ ကျွန်တော် အနေနဲ့ အကြံပြုတိုက်တွန်းပါတယ် ။ ကျွန်တော်ရေးတာ ကတော့သိပ်မစုံပါဘူး ။ကျွန်တော် ထက် ပို သိတတ် နားလည်တဲ့ ဆရာတော်တွေ ၊ အကိုတွေ ရေးကြတဲ့ site links တွေကို ကျွန်တော် Blog မှာ ချိတ်ပေးထားပါတယ် ။ သွားရောက် လေ့လာကြဖို့တိုက်တွန်းပါတယ် ။
မြန်မာပြည်မှာရှိကြတဲ့ ညီငယ် ၊ ညီမငယ် တွေနဲ့မိတ်ဆွေတွေ အားလုံးလဲ ပြည်တွင်းမှာရှိနေခိုက် ကာလ မှာ လက်တကန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ စာပေတွေ နဲ့ ဆရာတော်တွေဟောကြားကြတဲ့ တရားတွေ ကို နာယူမှတ်သားကြဖို့ လေးလေးနက်နက် အကြံပြု့  ပါတယ် ။ ပြည်ပရောက်နေကြတဲ့ကျွန်တော် တို့ တွေ ဆိုရင် Blogger တွေ အချင်းချင်း Share ကြ တဲ့ တရားတွေလောက်ပဲ နာယူခွင့်ရတာပါ ။ ပြည်တွင်းမှာ လောက် စိတ်ဝင်စား ရင်စိတ်ဝင်စား သလောက်လေ့လာမှတ်သားခွင့်မရပါဘူး ။ ဒါကြောင့် ပြည်ပမထွက်ရလို့ စိတ်မကောင်း မဖြစ်ကြပါနဲ့ ။ မိမိ တို့လက်ရှိ ရထားတဲ့ အချိန်ဟာ အချိန်ကောင်း လို့ မှတ်ယူကြပါ ။ မိသားစုနဲ့ မခွဲခွာကြရ ဘဲအတူနေရတာလဲ အရင် ဘ၀ကပြုခဲ့တဲ့ ကောင်းမှူ့ ကံစေတနာကြောင် ပါ ။ ပြည်ပထွက်တိုင်းလဲ အဆင်မပြေကြပါဘူး ။ ကျွန်တော်ဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက် ထွက်ခွာလာခြင်းပါ ။ ပထမအကြိမ် မလေးရှားကို ထွက် တုံးကလဲအဆင်မပြေခဲ့ပါဘူး ။အရင်းကြေအောင်မနည်းလုံး ပမ်း ရင်း ၁နှစ်နဲ့လှည့်ပြန်ခဲ့ ရတာပါ ။ ယခု ဒူဘိုင်းရောက်တာ ၂ နှစ်ရှိပါပြီ ။ အကြွေးတွေနဲ့ အခုထိ လည်နေတုံးပါ ။ရှာရဖွေရ ခက်ခဲတာလဲ မပြောပါနဲ့ ။ ပြောရင် တခန်းတည်း နေတဲ့ သူငယ်ချင်းတောင် မယုံချင်ပါဘူး ။ အခုချိန်မှာ ကောင်းသော ကံ တွေပြုနေပေမဲ့ ဒါဟာအရင် ဘ၀က ပြုခဲ့တဲ့ (လွန်ကြူးခဲ့တဲ့ ) ကံတွေကြောင့် အခုဘ၀မှာ ဒီလိုကြုံတွေ့ နေရတာပဲ လို့သိနားလည်ခွင့်ရ ခဲ့ပါတယ် ။ ဒါတွေဟာ ဘုရား ၊တရား ၊သံဃာ ရဲ့ ဂုဏ်ကျေးဇူးကြောင့်ပါပဲ ။ ဒီအချက်တွေ မသိခင်ကတော့တော်တော့ ကို ပူလောင်ပြီး ပင်ပန်းဆင်း ရဲရပါတယ်။ သိနားလည် ပြီးတဲ့အချိန်ကြတော့လဲ့ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ဟာ တရားတော်တွေ နဲ့နီးစပ်ဖို့ အကြောင်းရင်းတွေ ဖြစ်းမှန်းသိလာရပါတယ် ။ ဒါကြောင့် အားလုံးသောမိတ်ဆွေများယနေ့မှ စလို့ မိမိတို့ဘယ်အရပ် ဘယ်ဒေသမှာနေနေ မိမိတို့ ကိုးကွယ် အားထားရာ ဗုဒ္ဓဘာသာကို ဂရုတစိုက် လေ့လာ၊ ကြင့်ကြံ ၊ ကြိုးစား ၊ ပွားများ အားထုတ် ကြ ဖို့ ကျွန်တော် ဒီ post လေးနဲ့ နှိုးဆော် တိုက်တွန်းလိုက်ရပါတယ် ။
အားလုံးပဲ စစ်မှန်သော ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူ များဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပိုသလိုက်ပါတယ်...
/မောင်ဇော်မင်းအောင်
လောကမှာ " ကိုယ့်အတွက် ကိုယ်လုပ်ကြတဲ့ လူ ၊ အများ အတွက် လုပ် ကြတဲ့ လူ ၊ အများနှင့် မိမိအတွက်ပါလုပ်တဲ့ လူ ၊ အများအတွက် ရော မိမိ အတွက်ပါ မလုပ်ကြသော လူ " တွေ ရှိ ကြပါတယ် ။ သင်သည် အဘယ်ကဲ့သို့သော လူသားမျိုး နည်း ဟုမေးလာလျှင် ကျွန်တော် အတွက်ဖြေရန်ခက်လှပါသည် ။ ကျွန်တော်ကို ကျွန်တော် ပြန်သုံးသပ်ကြည့်မိပါတယ် ။ အဖြေကေ၀၀ါးနေ စဲ... ။ သေချာတာကတော့ ကျွန်တော် ဘ၀သက်တန်း မှာ မှတ်တိုင် ထူရလောက်အောင် ပြုခဲ့ တဲ့ အလုပ် ၊ အများအတွက် ပေါ့ လေ ဘာမှမရှိပါဘူး ။ ဒီကနေ့ ဓမ္မမိတ်ဆွေ အကို တယောက် ထံမှတဆင့် ရထားတဲ့ လင့်လေးကို ပြန်ကြည့်ရင်း က အများအကြိုး သယ်ပိုးနေတဲ့ ညီအကို တို့ရဲ့ ထေရ၀ါဒလူငယ်များအသင်းက ကုသိုလ်ကောင်းမှူတွေကို တွေ မိတော့ ကိုယ်ကိုကိုယ် ပြန်မေးရင် ဖြေစရာ မရှိဘူး ဖြစ်နေ ပါတယ် ။ ဒီတော့ ထုံးစံအတိုင်း သာဓုပဲ သုံးကြိမ် သုံးခါ ၀မ်းမြောက် ၀မ်းသာခေါ်လိုက်ရပါတယ် ။ မိတ်ဆွေများ အားလုံးလဲ ယခုကဲ့ သို့ တစုံတယောက်က မေးလာခဲ့ ပါလျှင် ဖြေနိုင်အောင် ကြိုးစား ထားကြပါ လို့ တိုက်တွန်းရင်း ...နိဂုံးချုပ်လိုက် ပါတယ် ။
/ မောင်ဇော်မင်းအောင်
၁။ သူသတ်နှင့်တူသော မယား၊
၂။ ခိုးသူနှင့်တူသော မယား၊
၃။ အရှင်နှင့်တူသော မယား၊
၎။ အမိနှင့်တူသော မယား၊
၅။ နှမနှင့်တူသော မယား၊
၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊
၇။ ကျွန်မနှင့်တူသော မယားတို့တည်း။
သုဇာတာ လင်ယောက်ျား၏ မယားတို့သည် ဤခုနစ်မျိုးတို့တည်း။
ထိုခုနစ်မျိုးသော မယားတို့တွင် သင်သည် အဘယ်မယားမျိုးနည်း။
ဘရိယာသုတ် (မယား)
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်း ကိုယူလျက် အနာထပိဏ်သူဌေး၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ ၌ ထိုင်တော်မူ၏။
ထိုအခါ၌ အနာထပိဏ်သူဌေး၏ အိမ်၌ လူတို့သည် ပြင်းပြ ကျယ်လောင်သော အသံရှိကြကုန်၏။ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား ...
မြတ်စွာဘုရားသည်သူကြွယ် သင့်အိမ်၌ လူတို့သည် ငါးကို လုယက်ကြသော တံငါတို့ကဲ့သို့ အဘယ်အကြောင်းကြောင့် ပြင်းပြ ကျယ်လောင်သော အသံ ရှိကြကုန်သနည်း ဟု မေးတော်မူ၏။
အသျှင်ဘုရား ဤသုဇာတာမည်သော အိမ်သူချွေးမကို ကြွယ်ဝချမ်းသာသော အမျိုးမှ ဆောင်ယူခဲ့ပါ၏၊ ထိုချွေးမသည် ယောက္ခမ မိန်းမသူကို (ယောက္ခမမိန်းမ သူဟူ၍) အမှတ်မပြု၊ ယောက္ခမ ယောက်ျားသူကို (ယောက္ခမယောက်ျားသူဟူ၍) အမှတ်မပြု၊ လင်ယောက်ျားကို (လင်ယောက်ျားဟူ၍) အမှတ်မပြု၊ မြတ်စွာဘုရား ကိုသော်လည်း အရိုအသေမပြု၊ အလေးအမြတ် မပြု၊ မမြတ်နိုး မပူဇော်ပါ ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် သုဇာတာမည်သော အိမ်သူချွေးမကို {{သုဇာတာ လာခဲ့ဦး}}ဟု ခေါ်တော်မူ၏။ {{အသျှင်ဘုရား ကောင်းလှပါပြီ}} ဟု သုဇာတာ မည်သော အိမ်သူချွေးမသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊
ထိုင်နေသော သုဇာတာ မည်သော အိမ်သူချွေးမအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-
သုဇာတာ လင်ယောက်ျား၏ မယားတို့သည် ဤခုနစ်မျိုးတို့တည်း။
၁။ သူသတ်နှင့်တူသော မယား၊
၂။ ခိုးသူနှင့်တူသော မယား၊
၃။ အရှင်နှင့်တူသော မယား၊
၎။ အမိနှင့်တူသော မယား၊
၅။ နှမနှင့်တူသော မယား၊
၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊
၇။ ကျွန်မနှင့်တူသော မယားတို့တည်း။
သုဇာတာ လင်ယောက်ျား၏ မယားတို့သည် ဤခုနစ်မျိုးတို့တည်း။
ထိုခုနစ်မျိုးသော မယားတို့တွင် သင်သည် အဘယ်မယားမျိုးနည်း။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောကြားတော် မူအပ်သော ဤစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် တပည့်တော်မ မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောကြားတော် မူအပ်သော ဤစကား၏ အနက် အဓိပ္ပါယ်ကို အကျယ်အားဖြင့် တပည့်တော်မ သိနိုင်လောက်အောင် ဟောကြားတော်မူပါ ဟု (လျှောက် ၏)။
သုဇာတာ ထိုသို့ဖြစ်လျှင် နာကြားလော့၊
ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ ဟု (မိန့်တော်မူ၏)။
{{အသျှင်ဘုရား ကောင်းပါပြီ}} ဟု သုဇာတာမည်သော အိမ်သူချွေးမသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။
မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏ -
၁။ သူသတ်နှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် ဒေါသ ဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အစီးအပွါးကို အစဉ် စောင့်ရှောက်လေ့ မရှိဘဲ မိမိလင်မှ တခြားသော ယောက်ျား တို့၌ တပ်မက်မောလျက် မိမိလင်ကို (မရိုမသေ) မထီမဲ့မြင် အောက်မေ့၏၊ ဥစ္စာဖြင့် ၀ယ်သူကို သတ်ရန် (အားထုတ်သကဲ့သို့) အားထုတ်တတ်၏၊
ဤသို့ သဘောရှိသော ထိုမယားကို သူသတ်မဟူ၍ လည်းကောင်း၊
မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
၂။ ခိုးသူနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် မိမိ၏ အရှင်သခင်ဖြစ်သူ လင်ယောက်ျား သည် အတတ်ပညာကို လည်းကောင်း၊ ကုန်သွယ်ခြင်းကို လည်းကောင်း၊ လယ်လုပ်ခြင်းကို လည်းကောင်း ဆောက်တည် (စီရင်)၍ ရအပ်သော ဥစ္စာအနက် အနည်းငယ်မျှသော ဥစ္စာကို သော်လည်း အပြင်သို့ ဆောင်ယူခြင်းငှါ အလိုရှိ၏၊ ဤသို့ သဘောရှိသော ထိုမယားကို ခိုးသူမ ဟူ၍ လည်းကောင်း၊
မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
၃။ အရှင်နှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင် မယားသည် အလုပ်အကိုင် လုပ်ရန် အလိုမရှိ၊ ပျင်းရိ၏၊
အစားကြီး၏၊ စိတ်လည်း ကြမ်းတမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်းတမ်း၏၊ ကြမ်းတမ်းသော စကားတို့ကိုလည်း ဆိုတတ်၏၊ လုံ့လ၀ီရိယ ရှိသော လင်ကို လည်း နှိပ်စက် လွှမ်းမိုး၍ ကျင့်တတ်၏၊
ဤသို့ သဘောရှိသော ထိုမယားကို အရှင်သခင်မဟူ၍ လည်းကောင်း၊
မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
၎။ အမိနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် အခါခပ်သိမ်း အစီးအပွါးကို အစဉ်စောင့် ရှောက်လေ့ရှိ၏၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ကို အစဉ် စောင့်ရှောက်တတ်၏၊ ထို့ကြောင့် ထိုလင် ယောက်ျား ဆည်းပူးရှာဖွေအပ်သော ဥစ္စာကို စောင့်ရှောက်၏၊
ဤသို့ သဘောရှိသော ထိုမယားကို အမိဟူ၍ လည်းကောင်း၊
မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
၅။ နှမနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် အစ်မကြီး နှမငယ်သည် မောင်၌ ရိုသေ သကဲ့သို့ ထို့အတူ မိမိလင်၌ ရိုသေ၏၊ အရှက်နှင့်ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အစ်မ နှမဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊
လင် ယောက်ျား၏ အကြင်မယားသည် ဤလောက၌ အဆွေခင်ပွန်းသည် ကြာမြင့် မှ ရောက်လာသော အဆွေခင်ပွန်းကို မြင်၍ လွန်စွာ ၀မ်းမြောက် သကဲ့သို့ လင်ကို မြင်၍ လွန်စွာ ၀မ်းမြောက်၏၊ အမျိုးနှင့် ပြည့်စုံ၏၊ သီလရှိ၏၊ လင်၌ ရိုသေစွာ ကျင့်တတ်၏၊
ဤသို့ သဘောရှိသော ထိုမယားကို အဆွေခင်ပွန်းဟူ၍ လည်းကောင်း၊
မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
၇။ ကျွန်မနှင့်တူသော မယားတို့တည်း။
လင်ယောက်ျား၏ အကြင်မယားသည် (လင်ယောက်ျားက) တုတ်လှံတန်ကို ကိုင်၍ သတ်ပုတ် ခြင်းဖြင့် ခြိမ်းခြောက် အပ်သော်လည်း အမျက်ထွက်ခြင်း ထိတ်လန့်ခြင်း မရှိ၊ (ဒေါသဖြင့်) မပြစ်မှားသော စိတ်ရှိ၏၊ လင်ကို သည်းခံတတ်၏၊
အမျက်ထွက်ခြင်း မရှိ၊ လင်၏ အလိုသို့ လိုက်တတ်၏၊
ဤသို့ သဘောရှိသော ထိုမယားကို ကျွန်မဟူ၍ လည်းကောင်း၊
မယားဟူ၍ လည်းကောင်း ဆိုအပ်၏။
ဤလောက၌ အကြင်မယားကို
၁။ သူသတ်နှင့်တူသော မယား၊
၂။ ခိုးသူနှင့် တူသော မယား၊
၃။ အရှင်နှင့် တူသော မယားဟု ဆိုအပ်၏၊ သီလမရှိသော သဘောရှိ၏၊ ကြမ်းကြုတ်သော သဘောရှိ၏၊ လင်ကို ရိုသေခြင်း မရှိ၊ ထိုမယားမျိုးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ငရဲသို့ လားရကုန်၏။
ဤလောက၌ အကြင်မယားကို
၎။ အမိနှင့်တူသော မယား၊
၅။ နှမနှင့် တူသော မယား၊
၆။ အဆွေခင်ပွန်းနှင့် တူသော မယား၊
၇။ ကျွန်မနှင့် တူသောမယားဟု ဆိုအပ်၏၊ သီလ၌ တည်သော သဘောရှိ၏၊ ကြာမြင့်စွာသော ကာလ ပတ်လုံး စောင့်စည်းတတ်၏၊ ထိုမယားမျိုးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ လားရကုန်၏}} ဟု (မိန့်တော်မူ၏)။
သုဇာတာ လင်ယောက်ျား၏ မယားတို့သည် ဤခုနစ်မျိုး တို့ပင်တည်း၊ ထိုမယားခုနစ်မျိုးတို့တွင် သင်သည် အဘယ်အမျိုးအစားနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် ယနေ့မှစ၍
တပည့်တော်မကို လင်ယောက်ျား၏ ကျွန်မနှင့်တူသော မယား ဟူ၍ မှတ်တော်မူပါ
ဟု (လျှောက်၏)။
၁၀ - ဘရိယာသုတ်၊ အဗျာကတ၀ဂ်၊ အင်္ဂုတ္ထိုရ်။
-တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာသည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း။ -စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်သည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း။
-အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ချ၊ ဆုံးမမယူ၊ စာချသူ ရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ဘု၇ားသာသနာကွယ်ကြောင်းတည်း။ ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးဟောကြားသော သာသနာကွယ်ကြောင်းတရားတော်မှ ကောက်နှုတ်၏။
ဘာမှမသိ ၊ဘာမှမတတ်ပေ မယ်လို့ ကျွန်တော် ရဲ့ ဘလော့ကို ရောက်လာကြတဲ့ သူတွေ အတွက် ကျွန်တော် အနေနဲ့ မေတ္တာ တုံ့ ပြန်ချင်တဲ့ စေတနာရှိ့ တာတော့အမှန်ပါ ။ ဒါကြောင့် ကျွန်တော့် အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ ။ ကျွန်တော် ရဲ့ ဆန္ဒ အမှန်ကတော့ ဗုဒ္ဓဘာသာဆိုင် ရာ စာပေ နဲ့ တရားတော်များ ကို ဆန္ဒလေးရှိ့ ရုံ မျှဖြင့် အလွယ်တကူ နာကြားနိုင်ပြီး လေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်ပြီး ဒီဘလော့လေးကို စရေး ဖြစ်ခဲ့ တာပါ ။ ကျွန်တော် ဘလော့မှာ မှတ်သားစရာ မရှိ့ ခဲ့ ရင် လည်း တခြားသော ဗုဒ္ဓဘာသာဆိုင်ရာ web site များနှင့် blog များ ကို လွယ်ကူစွာသွားရောက် နိုင်ရန် link များ ပြန်ခွဲပေးထားပါတယ် ။ ကျွန်တော့် ဘလော့ကို ရောက်လာ သူတွေအားလုံးပဲ စိတ်ချမ်းသာ ကိုယ် ကျန်းမာနိုင်ကြပါစေ ခင်ဗျာ......
/မောင်ဇော်မင်းအောင်

"ကမ္ဘာကျော်ဘော် လုံးသမားဒေးဗစ်ဘက်ခမ်း တို့ဇနီးမောင်နှံတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက် ပါပြီ " ဒီကနေ့ ဘလော့ကို ဖြည့်စည်းမွန်းမံ ရန်အတွက် ဗဟုသုတ အဖြင့်တခြားသော Blog များကို သွားရောက်လေ့လာရင်း က မမေမိုး ရဲ့  blog မှတဆင့် ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း ရဲ့ သတင်းကိုကြားသိရ ရချင်း ကြည်နူးစွာဖြစ်ခဲ့ ရသောခံစားမှူ့ ကို မိတ်ဆွေများ အားလုံး အတွက် ပြန်လည် မျှဝေ လိုက် ပါတယ်...
မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါခင်ဗျာ....
ယနေ့မှစ၍ ကျွန်တော်၏ ဘလော့ မှ " ရုပ်ရှင်များကြည့်ရန် " အစီအစဉ်မှ မိတ်ဆွေတို့ အတွက် အမှန်တကယ် အကြိုးရှိ မည့် " နည်းပညာနှင့်ဗဟုသုတများ " အစီအစဉ်ကို အစားထိုး တင်ပြ သွားပါမယ် ခင်ဗျာ ။ လိုအပ်သော software နှင့် သိလိုသော အကြောင်း အရာများ ကို C Box မှ တဆင့် တောင်းဆို နိုင် ပါတယ်ခင်ဗျာ.....
မိတ်ဆွေတို့  ဘ၀ အတွက် အမှန်တ ကယ်အကြိုး ရှိပြီး အနှစ်သာရနှင့် ပြည်ဝ မည့် အရာများ ကို အတတ် နိုင် ဆုံး ကြိုးစား တင်ပြပေးသွားပါ မယ်ခင်ဗျာ...
/မောင်ဇော်မင်းအောင်